လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

လှိုင် ဖေ‌ဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉း၃၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများစု‌ပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အငယ်တန်းစာရေးဒေါ်ပန်းအိအိခိုင်က  စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက်တက်ရောက်လာ‌‌ကြသော စာပေဝါသနာရှင်များက စာရေးဆရာ အောင်ကိုဦး(UMK)၏လူငယ်တွေ စဉ်းစားဖို့စာအုပ်မှ အခန်း(၁၈) “အပြန်အလှန် နားလည်ယုံကြည်မှု” ဆိုသည့်ဆောင်းပါးတွင် ငြိမ်းချမ်းတဲ့လူမှုအဖွဲ့အစည်းကို တည်ဆောက်ရာမှာ ကိုယ်ရည်ကိုယ်သွေးပြည့်၀တဲ့အောင်မြင်တဲ့လူသားရင်းမြစ်တွေ ပေါ်ထွန်းလာဖို့ဆိုရင်ယုံကြည်မှုပေးဖို့လိုကြောင်း၊ ယုံကြည်မှုမပေးထားရင် ယုံကြည်ချက် ပျောက်ဆုံးနိုင်ကြောင်း ယင်းကြောင့်ယုံကြည်မှုရဖို့ဆိုရင်‌‌​ မေတ္တာတရားသာအရေးကြီးကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်မြို့နယ်အနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)