စုကလိ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ် မြဝတီခရိုင်၊စုကလိမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအား စုကလိမြို့နေ ပြည်သူလူထုများ သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်တွင် ပြည်သူ့စာကြည့်တိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားဟူသည် အဘယ်နည်း။ ကလေးအလုပ်သမားများအတွက် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းခွင်ဝင်ရန် အနိမ့်ဆုံးအသက်အရွယ်နှင့်စပ်လျဥ်း၍ ပြဌာန်းချက်၊ သက်ဆိုင်ရာ အလုပ်သမား ဥပဒေများ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်သော အဖွဲ့အစည်းဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ယှဉ်ပြိုင်မှုကို အကျိုးသက်ရောက်စေနိုင်ကြောင်းတို့ကို ပြသထားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများအားတစ်လလျှင် နှစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပိုပိုအောင်