ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်လေ့လာကြည့်ရှု

ကမာရွတ် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ ​နေလယ်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ တိုင်း‌ဒေသကြီးအမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန အရောင်းဆိုင်ရှိ သင်တန်းသူများ၏ လက်မှုပစ္စည်းများအား ဝယ်ယူအားပေးခဲ့ကြသည်။

ထို့​နောက် အမျိုးသမီး​ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ​သင်တန်း​ကျောင်းရှိ စက်ယက္ကန်းစင်များအား ကြည့်ရှု့လေ့လာခဲ့ရာ သက်ဆိုင်ရာ​ကျောင်းအုပ်ကြီးမှ ရှင်းလင်းပြသ​ပေးခဲ့သည်။

စိမ်းလဲ့(ပြန်/ဆက်)