ရမ်းဗြဲ ဖေဖော်ဝါရီ ၂၄
ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ကြသည်။
ရှေးဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို လူငယ်များရှိစေရန်အတွက် အကျယ်တဝင့်ရှင်းလင်းပြောကြား သည်။
၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 တန်း ဖြေဆိုထားသည့် ကျောင်းသူ မဆုရတနာက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 တန်း ဖြေဆိုထားသည့် ကျောင်းသား မောင်သန့်စင်ဦးမှ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 9 တန်းတွင် ပညာသင်ကြားနေသော မဆုသက်ဖြိုးက လူငယ်နှင့်အားကစားခေါင်းစဉ်တို့ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသော ကျောင်းသားလူငယ်များဖြစ်ကြသော Grade- 9 တန်းတွင် ပညာသင်ကြားနေသော မမိမိအောင်နှင့်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 တန်းမှ မောင်စည် သူဖြိုးတို့မှ ရခိုင်ပြည်နယ်တွင်ဖွင့်လှစ်မည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသန်းက လူငယ်များသိရှိလိုသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့်ပတ်သက်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသားလူငယ်စုစုပေါင်း (၉၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)