ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၃
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လယ်ပိုင်းမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်ဇော်အောင်နှင့် မြို့နယ်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက လှည့်လည်စစ်ဆေးရာတွင် နေပြည်တော်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသည့် ကိုရီးယားအသားလုံးများ၊ မျှစ်ချဉ်၊ လက်ဖက်၊ ချဉ်ဖတ်၊ ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် အသားငါးများကို ကျန်းမာရေးနှင့်ညီ/မညီ စစ်ဆေးရန် ဓာတ်ခွဲနမူနာယူခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန်ဆေးဝါးများကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူ ပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)