မလှိုင် ဖေဖော်ဝါရီ ၂၄
မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဌာနဆိုင်ရာအသီးသီးမှ အမျိုးသမီးဝန်ထမ်းများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည် ဆပ်ပြာအနှစ်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သင်တန်း ဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ဝန်ထမ်းအမျိုးသမီးများအနေဖြင့် တစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိ အောင်ဆောင်ရွက်နိုင်ရန်၊ ဌာနတစ်ခုနှင့်တစ်ခု ဝန်ထမ်းထမ်းအချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေရန် ဝယ်ယူသုံးစွဲမည့်အစား ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျ စရိတ်ကို လျှော့ချစေနိုင်ရန်၊ ကိုယ်တိုင်ထုတ်လုပ်ရောင်းချခြင်းဖြင့်လည်း အပိုဝင်ငွေရရှိမှာဖြစ်သည့်အတွက် သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း သင်တန်းကပို့ချက်များကို သေချာလေ့လာမှတ်သားသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက်သင်တန်းနည်းပြဆရာမ ဒေါ်နုရတနာကျော်မှ သင်တန်းတွင်ပို့ချသွားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ လည်းကောင်း ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာအနှစ်ပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ပြသ သင်ကြားပေးခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က သင်တန်းတက်ရောက် လာသူများအား သင်တန်းတွင်လက်တွေ့လုပ်ဆောင်ခဲ့သည့် ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာအနှစ်ဗူးများကို အမှတ်တရ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းမှအမျိုးသမီးဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာ အသီးသီးမှအမျိုး သမီးဝန်ထမ်းများ သင်တန်းသူ(၅၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)