သတင်းများ

ချောက်​မြို့၌ နွေရာသီသင်တန်းတက်​ရောက်​နေသည့် က​​လေးများ​အတွက် အားကစားပစ္စည်းများလှူဒါန်း
Feb 23,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် နွေရာသီသင်တန်းတက်ရောက်​​နေသည့် သင်တန်းသား/သူများအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ​  ယမန်​​နေ့ မွန်းလွဲပိုင်းက အားကစားပစ္စည်းသုံးမျိုး လာရောက်လှူဒါန်းခဲ့သည်။
ပန်းတောင်မြို့၌ အဟာရတန်ဘိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများစိုက်ပျိုး
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင်နေဗီယာမြက်မျိုးများကို ကျောက်ဖူးကျေးရွာတွင် ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးရာတွင် တိရစ္ဆာန်များအတွက် အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများအား ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာ တောင်သဦးကျော်အောင်၏ လယ်မြေ(၀.၇၀)ဧကတွင် ရေသွင်း၊ ရေထုတ်စနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒုတိယအကြိမ် ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Feb 23,2023
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းအား ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြကွင်းဆင်းစစ်ဆေးဆောင်ရွက်
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း ရုံးအဆောက်အဦးများအား မီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်တားဆီး ရေးနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိခြင်း ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြကွင်းဆင်း ​ဆောင်ရွက်ခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (အော်တိုအိပ်ချိန်း) ရုံးများသို့ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့ မိုင်းပန်မြို့နယ်သို့ရောက်ရှိ
Feb 23,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊
ကျွန်းလှမြို့နယ်တွင် ချောင်းရေတင်စိုက်ပျိုးသော ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာနှင့် မကျီးအင်းကျေးရွာတို့တွင် ချောင်းရေတင်စိုက်ပျိုးသော ဟင်းသီး ဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ပင်းတယမြို့သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးဌာနမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Feb 23,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။