ပန်းတောင်မြို့၌ အဟာရတန်ဘိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများစိုက်ပျိုး
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင်နေဗီယာမြက်မျိုးများကို ကျောက်ဖူးကျေးရွာတွင် ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးရာတွင် တိရစ္ဆာန်များအတွက် အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများအား ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာ တောင်သဦးကျော်အောင်၏ လယ်မြေ(၀.၇၀)ဧကတွင် ရေသွင်း၊ ရေထုတ်စနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။