ချောက်​မြို့၌ နွေရာသီသင်တန်းတက်​ရောက်​နေသည့် က​​လေးများ​အတွက် အားကစားပစ္စည်းများလှူဒါန်း

ချောက် ဖေ​ဖော်ဝါရီ ၂၃

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် နွေရာသီသင်တန်းတက်ရောက်​​နေသည့် သင်တန်းသား/သူများအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ​  ယမန်​​နေ့ မွန်းလွဲပိုင်းက အားကစားပစ္စည်းသုံးမျိုး လာရောက်လှူဒါန်းခဲ့သည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဦး​ဇော်လင်း​အောင်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် နွေရာသီသင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/သူကလေးများအတွက် သင်တန်းနားချိန်တွင်​ ဆော့ကစားနိုင်ရန်ရည်ရွယ်၍အားကစား ပစ္စည်းသုံးမျိုးဖြစ်သည့်​ ဘောလုံး၊​​ဘော်လီ​ဘော၊ ခြင်း တို့အား လှူဒါန်း​ပေးအပ်ခဲ့ရာ မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်သိမ့်ဝါ၊ ဒုတိယဦးစီးမှူး​ဒေါ်ခင်ချိုချိုဝင်းတို့က လက်ခံရယူ​ပေးခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)