သတင်းများ

နတ်မောက်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေး
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး အဘိုးအဘွားများကို လူမှုရေးပင်စင်များ ပေးအပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ (၁၀၃၂၃) ဦး ဝင်ရောက်ဖြေဆိုသွားမည်
Feb 23,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၂၃) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေး
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၅၉၄)ကြိမ်ရှိလာ
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီးဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတ မိသားစုက ယနေ့နံနက် ၉ နာရီအချိန်က တောင်ဇင်းတိုက်နယ်အတွင်းရှိ အောင်မြေကုန်း တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။
မြို့သစ်မြို့နယ်တွင် နွေစပါးဧက (၇၈၀၀) နှင့် နွေနှမ်းဧက (၈၀၀) စိုက်ပျိုးရန်လျာထား
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါးဧက (၇၈၀၀) ဧကနှင့် နွေနှမ်းဧက (၈၀၀) စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် (Grade-5)နှင့် (Grade-9) အတန်းများ နှစ်ဆုံးစာမေးပွဲများစွာဖြေဆို
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade-5)နှင့် အလယ်တန်းအဆင့် (Grade-9) အတန်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို
သီပေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ Grade-5 နှင့် Grade-9နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့နံနက်(၉)နာရီက