ဘိုကလေးမြို့နယ်မှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ (၁၈)လမ်းမရှိ ရွှေလင်းအိမ် သောက်ရေသန့်စက်ရုံ ဂိုထောင်သည် ဖေဖော်ဝါရီ(၂၁)ရက်နေ့ ညသန်းခေါင်ယံ အချိန်၌ လျှပ်စစ်ဝါယာလျှော့ ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဂိုထောင်နံဘေးမှ လူနေအိမ် (၁)လုံး မီးဘေးသင့်ဆုံးရှုံးခဲ့သဖြင့် ယနေ့ နေ့လယ်(၁)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့သည် မီးဘေးသင့်နေရာသို့ သွားရောက်ကာ မီးဘေးသင့် အိမ်ထောင်စုဝင် (၂)စုနှင့် တွေ့ဆုံနှစ်သိမ့် အားပေးစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ မီးဘေးသင့်အိမ်ထောင်စု (၂)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။