သီပေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

သီပေါ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ Grade-5 နှင့် Grade-9နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့နံနက်(၉)နာရီက သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၁၀၇)ကျောင်းရှိရာ အဆိုပါကျောင်းများမှ Grade-5  ကျောင်းသား၊ကျောင်းသူ (၁၀၈၆)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ (၄၈၉)ဦး  စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၅၇၅)ဦးတို့ နှစ်ဆုံးစာမေးပွဲအား ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းနှင့် ယခုဖြေဆိုလျက်ရှိသည့် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ(၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)