ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတ မိသားစုက ယနေ့နံနက် ၉ နာရီအချိန်က တောင်ဇင်းတိုက်နယ်အတွင်းရှိ အောင်မြေကုန်း တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်းမိသားစု ကသောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း