မောက်မယ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ မူလတန်းဆင့်တွင် (Grade-5)နှင့် အလယ်တန်းဆင့်တွင် (Grade-9)အတန်းများ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် နောက်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက်၉နာရီက ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၁) ကျောင်းနှင့် မူလတန်းကျောင်း(၄၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းများ (၅၉)ကျောင်းမှ (Grade-5)တွင် (၄၉၀)ဦးနှင့် (Grade-9)တွင် (၁၂၃)ဦး ကျောင်းသား၊ ကျောင်း သူများက နှစ်နောက်ဆုံးစာမေးပွဲကို စတင် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)