ဒဂုံမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းတွင်းစစ် စာမေးပွဲများဖြေဆို

ဒဂုံ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

အခြေခံပညာကျောင်းတွင်းစစ်စာမေးပွဲ အလယ်တန်းအဆင့်တွင် Grade-5 နှင့် အထက်တန်းအဆင့်တွင် Grade-9၊ စုစုပေါင်း အလယ်တန်း၊ အထက်တန်းဖြေဆိုသူ(၁၁၃၅)ဦး ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းစစ်စာမေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်းများတွင် တစ်ပြိုင်နက်စတင်ဖြေဆိုကြခြင်းဖြစ်ပြီး ​ဖေ​ဖော်ဝါရီ ၂၈ ရက်​နေ့တိုင် ​ဖြေဆိုကြရမည်ဖြစ်​ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

ကြည်ဇေသော်