ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားလျက်ရှိရာ ကျိုင်းတောင်းမြို့ရှိ စာငှားစာဖတ်ပရိသတ်များက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားတို့၏ သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်မှတ်တမ်း ဓာတ်ပုံများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိရာ စာငှားစာဖတ်ပရိသတ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် လမ်းသွား လမ်းလာ မိဘပြည်သူများက ဝင်ရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)