မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ မဲရုံတာဝန်ခွဲဝေချထားရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီခန့်က မော်ဧရာခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့် မှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဟိန်းဇော်ဦးမှ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအား ပညာရေးဝန်ကြီးဌာန ဝန်ထမ်း များ အပါအဝင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သင့်လျော်သည့် ဝန်ထမ်းများဖြင့် တာဝန်ခွဲဝေပေးအပ်နိုင်ရေး လျာထားချက်များ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူပေါင်းညှိနှိုင်းဆွေးနွေးပြီး လိုအပ်မည့် မဲရုံအဖွဲ့ဝင်အင်အား (ထပ်တိုးအဆိုင်းများ အပါအဝင်)ကို ဌာနဆိုင်ရာအလိုက် ရရှိနိုင်မည့်ဝန်ထမ်းအင်အားအပေါ် မူတည်၍ မဲရုံတစ်ရုံချင်းအလိုက် တာဝန်ခွဲဝေပေးအပ်နိုင်ရေး လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများက မဲရုံများတွင် တာဝန် ပေးအပ်နိုင်ရေးအတွက် ဌာနအလိုက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)