တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ထားဝယ်မူလတန်းကျောင်းရှိ ရင်သွေးငယ်များနှင့် ကလေးသူငယ်များ ပျော်ရွှင်စွာ စာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

ထားဝယ် ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မူလတန်းကျောင်းရှိ ရင်သွေးငယ်များနှင့် ကလေသူငယ်များ ပျော်ရွှင်စွာ စာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက သင်ကြားပေးနေမှု အခြေအနေများ၊ အာဟာရကျွေးမွေးနေမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက မူလတန်းကြိုအရွယ်ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရေးအတွက်  စနစ်တကျ ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက  အာဟာရဖြည့် စားသောက်ဖွယ်ရာများ စနစ်တကျ ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်း၏ လိုအပ်ချက်များကို ဖြည့်စည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)