ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်စာမေးပွဲများ ဖြေဆို

ပုဇွန်တောင် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်စာမေးပွဲများကို တစ်မြို့နယ်လုံး အတိုင်း အတာဖြင့် ယမန်နေ့နံနက် နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အခြေခံပညာစာမေးပွဲ အလယ်တန်းအဆင့်တွင် Grade-5 ဖြေဆိုသူ (၇၁)ဦးနှင့် အထက်တန်းအဆင့်တွင် Grade-9 ဖြေဆိုသူ (၁၁၃)ဦး ဖြေဆိုလျက်ရှိပြီး စာစစ်ဌာနများဖြစ်သော --က() --က() --က()နှင့် --က()များတွင်  မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစာမေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ စတင်၍ တစ်ပြိုင်နက်စတင်ဖြေဆိုကြခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဟန်စုယဉ်