သတင်းများ

မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 25,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရာသီစာ တမာဖူး၊ တမာဥများဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာ ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိနေ
Feb 25,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်၊ အဖူးရှာဖွေခူးဆွတ် လုပ်ကိုင်ရောင်းချလုပ်ကိုင်စားသောက်နေသည့် ကျေးလက်နေပြည်သူများ တမာဖူး၊ တမာရွက်၊ ခူးဆွတ်ရောင်းချနေခြင်းဖြင့် မိသားစုစားဝတ်နေရေးတဖက်တလမ်းမှဝင်ငွေရှာဖွေ ပေးနေကြကြောင်း တမာဖူးခူးယူရောင်းချနေသူများထံက သိရသည်။
ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံဆည်မှ နွေစပါးသီးနှံ ၉၅ ဧက စိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေစတင်ပေးဝေ
Feb 25,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအတွင်းရှိ ဆည်ရေသောက် တောင်သူများအနေဖြင့် ယခုနှစ်နွေရာသီတွင် နွေစပါးသီးနှံ ၉၅  ဧကစိုက်ပျိုးနိုင်ရန်အတွက် ရင်းရှည် ရေလှောင်တမံဆည်မှ ယနေ့နံနက် ၆ နာရီမှစတင်၍ ရေစတင်လွှတ်ပေးနေပြီ ဖြစ်ကြောင်းသိရသည်။
မန်းရွှေစက်တော် ဘုရားကြီးအား တစ်နေ့လျှင် ဘုရားဖူပြည်သူ ၁၀၀၀ ကျော် လာရောက်ဖူးမြော်
Feb 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ပါဒစေတီတော်မြတ်ကြီးတွင် ဘုရားပွဲတော်ကာလ၌ အခါကြီးရက်ကြီးများနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၅၀၀ ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ဒေါင့်ကြီးကျေးရွာ၌၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြား
Feb 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်ကျင်က အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး) ရှိ မြတ်ပညာခန်းမ၌ တွေ့ဆုံ၍အားပေး စကားပြောကြားခဲ့သည်။
ဟိုပန်မြို့ အခြေခံပညာအထက်ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး
Feb 25,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(ဟိုပန်)ကျောင်း၌ မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရန် ယမန်နေ့နံနက်(၁၀)နာရီက  မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Feb 25,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ပေးအပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Feb 25,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ပညာတံခွန်ကိုယ်ပိုင်အထက်တန်း အဆင့်သင်ကျောင်းတွင် ကျင်းပခဲ့သည်။