ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ (၂၀၂၂-၂၀၂၃)နှစ်အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၈၀၆ ဦးအတွက် တစ်ဦးလျှင်(၃၀၀၀ဝိ/)နှုန်းဖြင့် ငွေကျပ်(၂၄၁၈၀၀၀ဝိ)တိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံတို့က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စု(၈၈)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၀၆)ဦးအတွက် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ ဆက်)