သတင်းများ

မိုင်းပန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်
Jul 10,2025
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုရုံး(Community Center)ခန်းမ၌ ယ‌မန်နေ့မွန်းလွဲ ၁ နာရီ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်
Jul 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်း စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်း ဆောင်ရွက်
Jul 10,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်သိုက်ကျေးရွာ  ကွင်းအမှတ်၅၆၉၊  ဦးပိုင်အမှတ်  ၃၄၊  တောင်သူ  ဦးသန်းဌေးအောင်၏  လယ်မြေ  ၅.၀၀ ဧကတွင်၊  မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ  ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Jul 10,2025
ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jul 10,2025
လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။