ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကျောက်ဆည် ဇူလိုင် ၁၀

လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် လုံခြုံရေးအရာရှိ ဗိုလ်မှူးဟိန်းကိုကိုလတ်နှင့်တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးရွှေစင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မိုးကျော်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်း မောင်တော်ယာဉ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်