မိတ္ထီလာ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ၇၉.၈၉၅ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှည် ၀/၂၀ မိုင်၊ အကျယ် ၁၆ ပေ၊ ထု ၉လက်မရှိ သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)