ဖျာပုံမြို့တွင် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆိုလပြည့်နေ့ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့်စည်ကား

ဖျာပုံ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်လုံးချမ်းသာသာစည်ဘုရားကြီး၊ ရွှေနတ်ကူဘုရားကြီး၊ မြောက်ပိုင်းဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ​ စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြသည်။
ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၊ ဘုရားများတွင် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများသည် ဝါဆိုပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီးများ လှူဒါန်းပူဇော်ခြင်း၊ ငါးစာကျွေး၍ ဒါနပြုခြင်းနှင့် ကုသိုလ်ယူ ဘာဝနာပွားများကြပြီး ဓမ္မစကြာ ရွတ်ဖတ်ပူဇော်သူများ၊ ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြသူများနှင့် အလှူရှင်များမှလည်း၊ စတုဒီသာများ ကျွေးမွေးခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)