ဝန်းသို ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က မိုးများရွာသွန်းမှုကြောင့် ဒေါင်းမြူးချောင်းရေမြင့်တက်ခဲ့ပြီး ရပ်ကွက်အချို့အတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါချောင်းရေဝင်ရောက်ခဲ့သည့် ကြိုးကြာဝင်းရပ်ကွက်၊ ကျမိုင်းကြီးရပ်ကွက်နှင့် ဆီဆုံကုန်း ရပ်ကွက်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဖြိုးတို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် လူ၊ တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)