အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီး ဘုရားတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့်စည်ကား

အိမ်မဲ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁)လမ်းရှိ အိမ်မဲ မြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အား လျော်စွာ မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်ကြီးကျောင်းများတွင် ဥပုသ်သီတင်းဆောက် တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကားလျက်ရှိကြောင်းသိရသည်။ “သန္ဓေ တောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ” ဟူသော မြတ်ဗုဒ္ဓ၏ ထူးမြတ်သောဖြစ်စဉ်လေးမျိုး ဖြစ်ပေါ်ခဲ့သည့် ဤ ဝါဆိုလပြည့်နေ့သည် ထူးမြတ်သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်ပေသည်။

အဆိုပါ နေ့ထူးနေ့မြတ်တွင် အိမ်မဲမြို့ရှိ ရှင်ပင်ချမ်းသာကြီး ဘုရားအပါအဝင် စေတီပုထိုး၊ ဘုရားများ၊ ဘုန်ကြီးကျောင်းများ၌ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊  ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ပြုမှုများဖြင့် အထူးစည် ကားလျက်ရှိကြောင်း သိရှိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)