မော်လမြိုင် မတ် ၁၀
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်တွင် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိပြီး စာစစ်ဌာန(၂၃)ခု တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းရှိဦးရေ ကျား(၂၀၉၈)ဦး၊ မ(၄၁၂၂)ဦး၊ ပေါင်း (၆၂၂၀)ဦးရှိရာ ယနေ့ဖြေဆိုသူ ကျား(၁၉၃၂) ဦး၊ မ (၃၈၃၆) ဦး၊ ပေါင်း (၅၇၆၈) ဦး ဖြေဆိုသူ ၉၂ ဒဿမ ၇၃ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မွန်ပြည်နယ်အတွင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပြီး သိရှိရသည်။
စည်သူ(ပြန်/ဆက်)