လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် ပြည်သူများအား စားသုံးဆီတစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ပျဉ်းမနား မတ် ၁၅

နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူ များအား ဆီတစ်ပိသာလျှင် ငွေ(၅၀၀၀)ကျပ်နှုန်းဖြင့် စားသုံးဆီပိသာ (၅၀၀)ကျော်အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)