မရမ်းကုန်းမြို့နယ်၌ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ​ဆောင်ရွက်

မရမ်းကုန်း မတ် ၁၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီးရုံးနှင့် မရမ်းကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူး​ပေါင်းကာ မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်​ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ကမ္ဘာ​အေးဘုရားလမ်းရှိ လူမှုဝန်ထမ်းရုံး၌ကျင်းပခဲ့သည်။

အဆိုပါဇာတ်တိုက်​လေ့ကျင့်ရာတွင်မြေငလျင်လှုပ်​နေစဥ်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ​မြေငလျင်လှုပ်ပြီးချိန်​ ဆောင်ရွက်ရမည့်အချက်များနှင့် ​ရှေးဦးပြုစုနည်းများကို မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူးနှင့် ကျား(၃၀)ဦး၊ မ(၁၀)ဦး စုစုပေါင်းအင်အား(၄၀)ဦးဖြင့် ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ခဲ့​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)