ပုဗ္ဗသီရိ မတ် ၁၆
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ စိန်ရာဇာသာသနာလင်္ကာရစာသင်တိုက်နှင့် ညောင်းလူးကျေးရွာအုပ်စု၊ ကျောင်းစုရွာဦးကျောင်း ပရဟိတဘုန်းတော်ကြီးသင် ပညာကျောင်းများသို့ ယနေ့နံနက် (၉) နာရီအချိန်က လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးဟန်ထူးဝင်းနှင့် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့များမှ ညောင်ပင်ကြီးစုကျေးရွာ စိန်ရာဇာ သာသနာလင်္ကာရစာသင်တိုက်သို့ ဆန် (၆)ပြည် အိတ် (၁၀)အိတ်အားလည်းကောင်း၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးသန်းငွေနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇေယျာထွန်းနှင့် အဖွဲ့များက ညောင်လူးကျေးရွာအုပ်စု ကျောင်းစုရွာဦးကျောင်း ပရဟိတ ဘုန်းတော်ကြီးသင်ပညာကျောင်းသို့ ဆန် (၆) ပြည် အိတ် (၁၀) အိတ်အားလည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)