မြောင်းမြမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

မြောင်းမြ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြောင်းမြမြို့ အခြေခံပညာအထက်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အား(၁၀)ပါး၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃−၇−၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသောပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ် ချက်၊ ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇−၃−၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကာတွန်းစသည်တို့ ပါရှိပြီး မြောင်းမြမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ပညာရေးဒီဂရီကောလိပ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် သူနာပြုသင်တန်းကျောင်းများနှင့် ဌာနဆိုင်ရာများသို့ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)