သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လူထုအခြေပြုဗဟိုဌာနမှ English Grammar သင်တန်းသားများအား အအေးတိုက်ကျွေး

သာစည် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနှင့် English Grammar သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သင်တန်းသားများအား မတ်လ ၁၆ ရက်နေ့ နံနက်က အာဟာရအဖြစ် ရွှေရင်အေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အာဟာရရွှေရင်အေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်အောင်တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများက သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တိုက်ကျွေးခဲ့ကြောင်း သိရသည်။ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် သင်တန်းသား/သူ ၅၂ ဦး၊ English Grammar သင်တန်းတွင် သင်တန်းသား ကျောင်းသား/သူ ၉၃ ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းများကို တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ်နံနက် ၈ နာရီခွဲတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့်နံနက် ၁၀ နာရီတွင် English Grammar သင်တန်းပို့ချပေးလျက်ရှိပြီး မတ် ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)