စဉ့်ကိုင်မြို့နယ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

စဉ့်ကိုင် ဇူလိုင် ၁၁

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူပေါင်း၍  သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်းအပူချိန် လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကာ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ရှမ်းကန်ကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းဝန်းအတွင်း၌ ဇူလိူင်လ ၁၁ ရက် နံနက် ၇ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်‌မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ ‌လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦးအောင်ဆန်းတို့က နည်းပညာ၊ သက်မွေးပညာနှင့် ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)မှ ကျောင်းအုပ်ကြီး ဒေါက်တာသန်းဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်တမ်း ၂ နှစ်၊ အမြင့် ၂ ပေခန့်ရှိ ကုက္ကိုလ်ပင် (၂၀၀) ပင်၊ တမာပင် (၁၉၇) ပင်၊ ခရေ (၃)ပင်၊ စိန်ပန်းပင် (၂၀၀) ပင် စုစုပေါင်း ပျိုးပင် (၆၀၀)ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့အဖွဲ့ဝင်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) မှ ကျောင်းအုပ်ကြီး ဒေါက်တာသန်းဇော်နှင့် ပါမောက္ခများ၊ နည်းပြ/သရုပ်ပဆရာ/မများ၊ ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးရဲထက်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၆၀၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)