သရက် မတ် ၁၈
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် နွေရာသီ အခမဲ့ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် (၈) နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြောကြားရာမှာ နွေရာသီကျောင်းပိတ်ရက်တွင် ယခုကဲ့သို့ အခမဲ့ အခြေခံပန်းချီ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ငယ်စဉ်မှစ၍ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေဖတ်ရှုသည့် အလေ့အထကောင်းများကို မွေးမြူပြီး လူတော်လူကောင်းများဖြစ်လာစေရန် တာဝန်ယူတတ်သည့် စိတ်ဓာတ်ရရှိပြီး ပူပေါင်းဆောင်ရွက်တတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်ကြားပို့ချသည့် နည်းပြများ သင်ကြားချက်များကို ကြိုးစား သင်ယူရန်လိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ ဆရာဦးညွန့်လှိုင်နှင့် ဦးထွန်းနိုင်ဦးတို့က သင်တန်းစည်းမျဉ်းစည်းကမ်း များနှင့် အခြေခံပန်းချီသင်တန်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချပေးခဲ့ သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၆၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ (၁၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)