မိုင်းဆတ် မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူးလျှော့ရက်များ ခံစားခွင့်ပြုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်် တာဝန်ရှိသူတို့က ယနေ့ နံနက် (၁၀)နာရီအချိန်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ထောင်အတွင်း ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် က အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များကိုလိုက်နာ နေထိုင်ကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင် ကြရန် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် မိုင်းဆတ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား/သူများအနက် “က” အဆင့် (၆၆)ဦး၊ “ခ”အဆင့် (၁၁)ဦးနှင့် “ဂ”အဆင့်(၂၇)ဦး စုစုပေါင်း (၁၀၄)ဦးအား အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)