တနိုင်း မတ် ၂၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်းခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဇေယျာသီရိယတ္ တိစာသင်တိုက်ကျောင်း ဆရာတော်ထံ ဘဒ္ဒန္နတေဇနိယမှ (၅)ပါးသီလ ခံယူဆောက်တည်ကြပြီး၊ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များထံမှ ပရိတ် တရားတော်များ နာယူကြပြီး သင်္ကန်း၊ ထီး၊ ဖိနပ်နှင့် နဝကမ္မအလှူတော်ငွေများ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဇေယျာသီရိပရိယတ္တိ စာသင်တိုက်ကျောင်း ဆရာတော်မှ ရေစက်သွန်းချအမျှပေး ဝေကြပြီး ဗုဒ္ဓသာသနံစိရံ တိဌတု (၃) ကြိမ်သံပြိုင်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)