မိုးနဲမြို့နယ်၌ သခွားသီးဈေးကောင်းရ၍ ထပ်မံစိုက်ပျိုးလာ

မိုးနဲ မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာ၌ သခွားသီးများ ဈေးကောင်းရရှိနေသဖြင့် သခွားပင်များထပ်မံစိုက်ပျိုးထားကြောင်း သိရသည်။

သခွားပင်များကို မတ်လ အစောပိုင်းတွင် စတင်စိုက်ပျိုးထားကြောင်း၊ ‌စိုက်ပျိုးရာတွင်လည်း ဘောင်စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးထားကြောင်း၊ ချောင်းနံဘေးတွင် ယာခင်းရှိသည့် အတွက် ရေအခက်အခဲမရှိကြောင်း၊ ရေအခက်အခဲမရှိသည့်အတွက် စိုက်ပျိုးသီးနှံများ အားလုံးနီးပါး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင် သခွားပင်များစိုက်ပျိုးပြီး (၃) လုံးတစ်ထောင်ကျပ်ဖြင့် မြို့မဈေးကြီးတွင် ခူးဆွတ်ရောင်းချခဲ့ကြောင်း၊ ထခုထပ်မံ၍ အပင် (၅၀)ကျော် စိုက်ပျိုးထားကြောင်း၊ ယာခင်းအတွင်း ကြက်သွန်ဖြူ၊ မုန်ညှင်းဖြူနှင့် ဖရုံပင်များ ကိုပါ စိုက်ပျိုးထားသေးကြောင်းနှင့် တစ်ပိုင်တစ်နိုင်သီးနှံများ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သခွားစိုက်ပျိုးတောင်သူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)