ဟိုပုံး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လွယ်အွန့် ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများကလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှု များ၊ ကျေးရွာနေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာများကိုလည်းကောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းများ ကိုလည်းကောင်း၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်း၊ ရေပေးဝေရေး၊ ဆိုလာမီးပေးဝေရေး စီမံကိန်းများကိုလည်းကောင်း၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ ဥပဒေဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ ပြန်ကြားရေးလုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးပြောကြာပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အဆိုပါစစ်ကြောင်းကြီး ငါးကြောင်းက ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)