သာပေါင်း မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထန်းတပင်ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုများရှိ အိမ်ခြေ (၁၂၀)လုံးအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေး စာရင်းကောက်ယူခြင်း၊ အိမ်ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင် မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများမှ ကျေးရွာများသို့ သွားရောက်ကာ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရာအိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ထန်းတပင် ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုများရှိ အိမ်ခြေ(၁၂၀)လုံးအား လေပြင်းဘေး ကြိုတင် ပြင်ဆင်ရေးအတွက် နေအိမ်များစာရင်းကောက်ယူခြင်း၊ အိမ်ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများအား အဖွဲ့များနှင့်အတူ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်