သနပ်ပင်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

သနပ်ပင် မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော  နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းကမြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေက လူငယ်များအားကစားကို ပိုမိုစိတ်စားလာပြီး၊ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာရေး၊ အားကစားစိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ စသည်များကိုရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်‌‌ကြောင်း သင်တန်းဆင်းပွဲတွင်  အားကစားသမားများအား ပြောကြားခဲ့သည်။

သင်တန်းတွင်  ဘောလုံး၊ ဖူဆယ်၊ ဘက်စကတ်‌ဘော၊ ပြေးခုန်ပစ်၊ ဘောလီဘော စသည့် အားကစားနည်းများကို  သက်ဆိုင်ရာနည်းပြများက  လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပြီး   ပထမရရှိသော အကြီးတန်းအသင်း၊  ဒုတိယရရှိသော အငယ်တန်းအသင်းတို့မှ အားကစား သမားများအား မြို့နယ်အားကစားမှူးနှင့် မြို့နယ်ဘောလုံး ဆပ်ကော်မတီဝင်များမှ ငွေသားဆုများနှင့် ဆုဖလားတို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)