သတင်းများ

မြေပုံမြို့နယ်၊ အငူကမ်းခြေ၌ အပန်းဖြေအနားယူသူများနှင့် စည်ကားလျက်ရှိ
Apr 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိ အငူကမ်းခြေ၌သင်္ကြန်(အကြတ်နေ့) ယမန်နေ့တွင် ‌ရေကစားရန်လာရောက်ကြသူများ၊ အပန်းဖြေအနားယူသူများတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အ​ကြတ်နေ့ ဖျော်ဖြေတင်ဆက်မှုနှင့် ပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲခဲ့ကြ
Apr 16,2023
၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ဧပြီလ ၁၅ ရက် မဟာသင်္ကြန်ပွဲတော်အကြတ်​နေ့တွင် နိုင်ငံကျော်အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ  ပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေးကစား သူများဖြင့် စည်းကား
Apr 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကြတ်နေ့ (ယနေ့)နံနက်ပိုင်းတွင်  ဒေသခံပြည်သူ များက အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားခဲ့ကြောင်း သိရသည်။
မြေပုံမြို့၌ နှစ်သစ်ကူးသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများဖြင့် စည်ကား
Apr 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးသင်္ကြန်ပွဲတော်(အကြတ်နေ့) ယမန်နေ့နေ့လယ်ပိုင်းအချိန်မှစ၍ မြေပုံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ရခိုင်ရိုးရာရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့်စည်ကားလျက် ရှိကြောင်းသိရသည်။
ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်(အကြတ်နေ့)၌ အတာရေ ပက်ဖျန်း သူများဖြင့် စည်ကားလျက်ရှိ
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁)ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၅)ရက် မြန်မာ့ရိုးရာမဟာသ င်္ကြန်(အကြတ်နေ့)၌ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းလမ်းမကြီးပေါ်ရှိ  “ရန်ကင်း ပိတောက်ရေကစားမဏ္ဍပ်”တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားကြသူများ၊ ရေပက်ခံကားများ၊ မြို့ပေါ်ရပ်ကွက်များမှ လူငယ်လူရွယ်များ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
ကွမ်းလုံမြို့၌ သင်္ကြန်အကြတ်နေ့တွင် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေကစား
Apr 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ကွမ်းလုံမြို၌ သင်္ကြန်အကြတ်နေ့တွင် ဒေသခံပြည်သူများမှ ပျော်ရွှင်စွာရေကစားလျက်ရှိရာ ရေပတ်ခံထွက်သူများမှလည်း မော်တော်ယာဉ်များဖြင့် ရေပတ်ခံထွက်ကြပြီး အလှူဒါနပြုလုပ်သူများမှလည်း စတုဒီတာများကို ကျွေးမွေးလျက်ရှိကြကြောင်းသိရသည်။
စဉ့်ကိုင်မြို့ မဟာသင်္ကြန်အကြတ်နေ့၌ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများပြိုင်ပွဲ၀င်လျက်ရှိ
Apr 15,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်အကြတ်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းဗဟိုမဏ္ဍပ်တွင် ယနေ့နံနက်(၉)နာရီက ယိမ်းအဖွဲ့(၉)ဖွဲ့မှ ယိမ်းအကအလှများဖြင့် ပြိုင်ပွဲ၀င်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များအား သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ အတာရေသဘင်ပွဲဆင်နွှဲ
Apr 15,2023
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူအေးချမ်းပျော်ရွင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မဟာသင်္ကြန်ရေသဘင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။