စဉ့်ကိုင် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်အကြတ်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းဗဟိုမဏ္ဍပ်တွင် ယနေ့နံနက်(၉)နာရီက ယိမ်းအဖွဲ့(၉)ဖွဲ့မှ ယိမ်းအကအလှများဖြင့် ပြိုင်ပွဲ၀င်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာအမှတ်ပေးဒိုင်သဘင်ဥက္ကဋ္ဌ ဦး၀င်းမောင်က ပြိုင်ပွဲ၀င်စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းလင်းပြီး ပြိုင်ပွဲ၀င်ယိမ်းအဖွဲ့များက ပြိုင်ပွဲ၀င်ကြရာ တောမကျေးရွာယိမ်းအဖွဲ့မှ တစ်နှစ်နွမ်းတစ်နှစ်ဆန်:၊ ကျောက်ဆည်တက္ကသိုလ်ယိမ်းအဖွဲ့မှ ယဉ်ကျေးတဲ့ပွဲ၊ မြို့မရပ်ကွက်မှ ယဉ်ကျေးတဲ့ပွဲ၊ ပလိပ်ကျေးရွာမှအိမ်မက်စေတမန်၊ စွန်ရဲကျေးရွာမှနှစ်သစ်ချစ်ဦး၊ ရွာဟောင်းကုန်းကျေးရွာမှရွှေမန်းသင်္ကြန်၊ အုန်းပင်ခြံကျေးရွာမှ မဟာဆန်တဲ့ရွာသင်္ကြန်၊ ဘယ်လင်းကျေးရွာမှ မဟာဆန်တဲ့ရွာသင်္ကြန်၊ တရုတ်စုရပ်ကွက်မှသိင်္ဂီရွှေစသည့် တေးသီချင်းများဖြင့် ယိမ်းပြိုဖြူကလေးငယ်များကပါ၀င်ယှဉ်ပြိုင်ကပြခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် မဟာသင်္ကြန်ရေသဘင်ပွဲတော်စည်ကားစေရေး ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေး ဗဟိုမဏ္ဍပ်တွင် ဧည့်ခံဖျော်ဖြေရေးအကအဖွဲ့နှင့် ခေတ်ပေါ်တေးဂီတ အဖွဲ့များကနံနက်ပိုင်းမှ စတင်ကာ ဧည့်ခံသီဆိုကပြဖျော်ခြင်း၊ ရေပက်ခြင်းများပြုလုပ်လျက်ရှိရာ ပြည်သူများ ပျော်ရွှင်စည်ကားစွာ ရေကစားလျက်ရှိပြီး ဗဟိုမဏ္ဍပ်မှာ အလျား ၃၂ပေ၊ အနံ ၂၈ ပေနှင့်အမြင့်(၂၀)ပေ၊ ရေကစားမဏ္ဍပ်မှာအလျား(၁၀)ပေ၊ အနံ(၂၈)ပေ၊ အမြင့်(၂၀)ပေဖြင့် ရေကစားမဏ္ဍပ်(၂)ခုသီးခြားဆောက်လုပ်ပေးထားကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)