ရန်ကင်း ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁)ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၅)ရက် မြန်မာ့ရိုးရာမဟာသ င်္ကြန်(အကြတ်နေ့)၌ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းလမ်းမကြီးပေါ်ရှိ “ရန်ကင်း ပိတောက်ရေကစားမဏ္ဍပ်”တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားကြသူများ၊ ရေပက်ခံကားများ၊ မြို့ပေါ်ရပ်ကွက်များမှ လူငယ်လူရွယ်များ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့်ဆေးကြောပြီး၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်တွင် ယနေ့ သင်္ကြန်(အကြတ်)နေ့၌ ပြည်သူများ အေးချမ်းစွာ ပါဝင်ဆင်နွှဲလျက် စတုဒီ သာမဏ္ဍပ်များက ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာများကိုလည်း အားပါး တရ နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြင်ကွင်းကလည်း မြန်မာတို့၏ ချစ်စရာဓလေ့ကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။
“ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်”တွင်အနုပညာရှင်များက သင်္ကြန်၏ပုံရိပ်ကို ပေါ်လွင်စေမည့် သင်္ကြန်သီချင်းများနှင့် သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားသလို မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင်လည်း ဘုရားဖူးလာပြည်သူများ၊ တရားဘာဝနာ ပွားများအားထုတ်ကြ သူများ၊ စတုဒီသာအလှူများဖြင့် စည်ကားလျက် မြန်မာ့ရိုးရာအတာသင်္ကြန်၏ အနှစ်သာရကို ဖော်ကျူးနေကြောင်း သိရသည်။
“ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်” တွင်ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ် ကင်း ရှင်းစွာ ရေကစားနိုင်စေရန် မြို့နယ်ရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက်တာဝန်ယူ ဆောင်ရွက်ပေးပြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက်ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)