ကွမ်းလုံမြို့၌ သင်္ကြန်အကြတ်နေ့တွင် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေကစား

ကွမ်းလုံ  ဧပြီ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ကွမ်းလုံမြို၌ သင်္ကြန်အကြတ်နေ့တွင် ဒေသခံပြည်သူများမှ ပျော်ရွှင်စွာရေကစားလျက်ရှိရာ ရေပတ်ခံထွက်သူများမှလည်း မော်တော်ယာဉ်များဖြင့် ရေပတ်ခံထွက်ကြပြီး အလှူဒါနပြုလုပ်သူများမှလည်း စတုဒီတာများကို ကျွေးမွေးလျက်ရှိကြကြောင်းသိရသည်။

ကွမ်းလုံမြို့တွင် ၂၀၂၀ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်းမရှိသော်လည်း ဒေသခံပြည်သူများမှ မိမိတို့နေအိမ်ရှေ့တွင် ရေကစားခြင်း၊ မော်တော်ယာဉ်များဖြင့် ရေပတ်ခံထွက်ခြင်းနှင့် သံလွင်မြစ်ဆုံတို့တွင်သွားရောက်ရေကစားခြင်းတို့ဖြင့် ပျော်ရွှင်စွာ လည်ပတ်လျက်ရှိကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)