သံတောင်ကြီး ဧပြီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်း အသင်းတော်လူငယ်များမှ ဦးဆောင်၍ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုး တိုးတက်စေရန် ၊ အားလပ်ချိန်ကို အကျိုးရှိစွာတန်ဖိုးထားတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေ ရန်အတွက် ဧပြီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် လူငယ်ရက်တို သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင်သမ္မာကျမ်းစာသင်ကြားပေးခြင်းအစီအစဉ်၊ ဂီတအစီအစဉ်၊ ကျန်းမာရေး အသိပညာပေး အစီအစဉ်၊ ခေါင်းဆောင်မှု၊ စိတ်ပညာ၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ Special Talk ၊ Praise and Worship သီဆိုမှု၊ ပန်းချီစာလုံးဖောက်၊ မိတ်ကပ်ပညာစည်တို့ကိုသင် ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသားများအနေဖြင့် မိမိကြိုက်နှစ်သက်သည့်အစီအစဉ်များတွင် တက်ရောက် နိုင်ကာ သင်တန်းကာလကို ဧပြီလ (၁၀)ရက် မှ(၁၄) ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း လူငယ်ဉက္ကဋ္ဌဦးစောဂေဒိုစိုး ထံမှသိရသည်။
နော်နော်မူ(ပြန်/ဆက်)