သတင်းများ

ညောင်ဦးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာစာမေးပွဲ ဆက်လက်ဖြေဆို
Mar 04,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 04,2025
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းကို ရွှေတောင်မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 04,2025
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ် ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဖြေဆို
Mar 04,2025
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ  ဒုတိယ‌နေ့ အင်္ဂလိပ်စာ ဘာသာရပ်အေးချမ်းစွာဖြေဆို
Mar 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (ခရိုင်စစ်) နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 (တိုင်းစစ်)နှစ်ဆုံးစာမေးပွဲ ကျင်းပလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသပေးခြင်း ဆောင်ရွက်
Mar 04,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသမှုစောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ရွာတော်ကျေးရွာ‌လေးထပ်ကြီးဘုန်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ဧက သတ်မှတ်လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ပြီး စိုက်ပျိူးထားသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်
Mar 04,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ဧကများ သတ်မှတ်လျာထား စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးထားသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Mar 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက် ၈ နာရီခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။