ဆိပ်ဖြူမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ချောင်ကူးတံတားသစ်တည်ဆောင်ခြင်းလုပ်ငန်းများများ ကွင်းဆင်းစစ်ဆေး

ဆိပ်ဖြူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက် ရတနာလမ်းသွယ်(၂)၌ လမ်းအဆင့်မြှင့်တင်ခြင်း ကွန်းကရစ်လမ်းနှင့် ချောင်းကူးတံတားလုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကော်မတီတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အဆိုပါလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ(၄၁ ဒဿမ ၇၃၉) သန်းဖြင့် အနောက်ပိုင်းရပ်ကွက် ရတနာလမ်းသွယ်(၂) အား ကျောချောလမ်းမှ လမ်းအရှည် ၁၃၅ ပေ၊ လမ်းအကျယ် ၁၈ ပေ ၊ လမ်းထု ၈ လက်မ ကွန်ကရစ်လမ်းအဆင့်မြှင့်ဆောင်ရွက်နေမှုနှင့် ခွင်ပြုငွေ  ကျပ် ၉ သန်းဖြင့် ကျားကိုက်ချောင်း (၂၀ပေ × ၁၂ ပေ ၊ ၈ လက်မထု) ချောင်းကူတံတာသစ်တည်ဆောက်နေမှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းစည်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လမ်းတံတားလုပ်ငန်များဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လမ်းအရည်အသွေးကောင်းမွန်ရေး၊ ဒေသခံပြည်သူများ လမ်းအသုံးပြုရာ၌ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများအား ဦးစာပေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြို့ပြအင်္ဂါရပ်များနှင့်အညီ စွန့်ပစ်အမှိုက်များစနစ်တကျ စွန့်ပြစ်ဆောင်ရွက်နိုင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စိုးလင်းနိုင်(ပြန်/ဆက်)