မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်   ၂၀၂၅-၂၀၂၆  ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် စိုက်ပျိုးထားသည့် လွန်ကျော်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးသိန်းဝင်း၏ စိုက်ခင်းနှင့် ပေတောစိုက်ပျိုးရေးနှင့် အ ထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးစိန်လွင်၊ အသင်းသားတောင်သူ ဦးလှထွန်းတို့၏ Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများကို ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် မြစ်သားမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိသည် လွန်ကျော်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသား တောင်သူဦးသိန်းဝင်း၏ ကွင်းအမှတ်( ၆၃၈) ရှိ စိုက်ဧက (၃.၀)ဧက၊ ပေတောစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူ ဦးစိန်လွင်ကွင်းအမှတ် (၆၃၈)ရှိ စိုက်ဧက(.၀)ဧကနှင့် အသင်းသားတောင်သူ ဦးလှထွန်း၏ ကွင်းအမှတ် ( ၆၄၂) ရှိ စိုက်ဧက(၃.၀)ဧကတို့တွင် စိုက်ပျိုးထားသော မိုးကြိုဝါစိုက်ခင်း‌များ အောင်မြင်ဖြစ်ထွန်း‌နေမှုများကို ကြည့်ရှုစစ်ဆေး‌ခဲ့ပြီး တောင်သူဦးကြီးများအား ခေတ်မှီ စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း၊  ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း ၊ ရေရရှိ‌ရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့   မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများက ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(ပြန်/ဆက်)