ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းအဆင့် (၃) စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်

ပုသိမ်ကြီး ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ပန်းခင်းအဆင့် (၃) စီမံချက်အနေဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီး၌ ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းသား/ကျောင်းသူများ နိုင်ငံသားစီစစ်ရေးကတ်ပြားများရရှိစေရန် ကွင်းဆင်းဆောင်ရွက်ရာသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းတို့က နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယမန်နေ့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူ (၁၅၂) ဦးအား ပန်းခင်းစီမံချက်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်၊ ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်တို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)